ထာဝရပန်း .....



     ထာဝရပန်း

    ..... 


   သပြေခက်တွေက

နွေရက်မှာတဝေဝေ... 


   ပန်းပိတောက်ကိုလည်း

လွမ်းလောက်စရာလို့ထင်မနေ... 


   နှစ်သစ်ရဲ့အတာရေ

ဘာတွေကိုဆေးမလဲ။ 


   အရွက်ခြွေချပေမယ့်

အခက်တွေကတဝေဝေနဲ့

လေအလာ ကြွေမှာမကြောက်သူမို့

ပိတောက်လိုယာယီမနွမ်း

စိန်ပန်းတွေရဲ။ 


     မောင်စိန်ဝင်း(ပုတီးကုန်း) 


   သမုဒယဝတ်ရည် ကဗျာစာအုပ်မှ

Comments